မြန်မာ့ ကျေးဇူးတော် သမ္မာကျမ်းစာ ကျောင်းသည်အဝေးသင်စနစ် (စာပေးစာယူ) ဖြင့် ဖွင့်လှစ်သောကျောင်းဖြစ်သည်။ အင်တာနက် Online စနစ်ဖြင့်ဝင်ခွင့်ပုံစံလျှောက်ထားရပါမည်။ သင်ခန်းစာများကို Email ဖြင့်သာပေးပို့ပြီး မိမိအစီအစဉ်ဖြင့် Print ထုတ်ပြီးလေ့လာဖြေဆိုရပါမည်။ အချို့သော ဘာသာရပ်များကို Zoom ဖြင့် သင်ကြားပေးမည်ဖြစ်သည်။ လေ့လာဖြေဆိုလိုသောသူများသည် Email နှင့် ကွန်ပြူတာကို အသုံးပြုတတ်ရန်လိုအပ်ပါမည်။ နိုင်ငံတစ်ကာရောက် မြန်မာတိုင်းရင်းသားများအတွက် တည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။

 

ချီးမြှင့်နိုင်သောဘွဲ့များ။  

DipBS., B.B.S., B.Min., M.B.S., M.Min

MGBCI တွင် တက်ရောက်သော ကျောင်းသူ၊ ကျောင်းသားများအတွက် Semester (၆) ခုဖြင့် ခွဲပေး ထားပါသည်။ Semester တစ်ခုကို (၄)လခွဲ ဖြေဆိုရမည် ဖြစ်ပြီး၊ တစ်နှစ်တွင် Semester နှစ်ခု ဖြေဆိုရမည် ဖြစ်ပါသည်။ Semester (၄)ခု ဖြေဆိုအောင်မြင်ပြီး ဆက်လက်၍ မဖြေဆိုနိုင်သူများကို DipBS (Diploma of Biblical Study)ဘွဲ့ကို ချီးမြှင့်မည် ဖြစ်ပါသည်။ ထို့နောက် Semester (၆)ခုစလုံး အောင်မြင် ပြီးဆုံးသော်လည်း ဘုရားသခင်၏ အမှုတော်မြတ်၌ အတွေ့အကြုံ လုံးဝမရှိပါက B.B.S (Bachelor of Biblical Study ) ဘွဲ့ကို ချီးမြှင့်မည် ဖြစ်သည်။ MGBCI မှ အမြင့်ဆုံး ချီးမြှင့်နိုင်သော ဘွဲ့မှာ B.Min (Bachelor of Ministry) ဖြစ်သည်။ ထိုဘွဲ့ ချီးမြင့်ခြင်း ခံရမည့်သူသည် Semester (၆)ခု စလုံးကို ဖြေဆိုအောင်မြင်သူ ဖြစ်ရမည်။ ထို့ပြင် ဘုရား သခင်၏ အမှုတော်မြတ်၌ အနည်းဆုံးနှစ်နှစ် အတွေ့အကြုံရှိသူလည်း ဖြစ်ရမည်။ဘွဲ့လက်မှတ်ရရှိမည့် ကျောင်းသူ၊ ကျောင်းသားများသည် အထက်ပါဘာသာရပ်များကို ဖြေဆို အောင်မြင်ပြီးမှ နှုတ်ဖြေစာမေးပွဲကို Online ဖြင့် ထပ်မံဖြေဆိုရပါမည်။

 

  B.B.S ဘာသာရပ်များ                B.Min ဘာသာရပ်များ 

M.B.S ဘာသာရပ်များ                 M.Min ဘာသာရပ်များ

 

 ဆရာများ

 

ဝင်ခွင့်လျှောက်ထားရန်


ဆက်သွယ်ရန်